ရေကြည် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ဆီဆုံကုန်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ၏ လယ်မြေတွင် ၂၀၂၅-၂၀၂၆ ခုနှစ် အောင်နိုင်တိုးစပါး မျိုးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတတ်ရောက်ခဲ့ကြပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း မှာ အခြောက်တင်း (၁၀၅) တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)