မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များမှ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းကမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ဥပေဒ၊ နည်းဥပဒေများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်အတွင်း မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုများမဖြစ်စေရေးအတွက် စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့နယ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ အခက်အခဲရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ ဆန္ဒမဲပေးနိုင်ရေး၊ မဲစာရင်းတွင်ပါဝင်နိုင်ရေး သေချာစွာစိစစ် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဥက္ကဋ္ဌ ဦးသီဟန်စီက ပထမအကြိမ်မဲစာရင်းများထုတ်ပြန်ရာတွင် မှန်ကန်မှုရှိစေရေးနှင့်မြို့နယ်အတွင်းရှိ မဲပေးခွင့်ရှိသည့် ဆန္ဒမဲရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများအား တင်ပြခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲစာရင်းတောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ပယ်ဖျက်လွှာများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်