သံတောင်ကြီး အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီး များပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး အောက်တိုဘာလ ဒုတိယပတ်မှစ၍ ဒုတိယအကြိမ် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ ယခုအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းရရှိ၍ ဆောင်းတွင်းကာလတွင် တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင် ကျပ်(၁၈၀၀၀) မှ ကျပ် (၂၀၀၀၀)အထိ ရရှိပြီး သံတောင်ကြီးမြို့တွင်သာမက တောင်ငူမြို့ရှိ တော်ပေါ်ကွမ်းရွက်ကြမ်းရောင်းဝယ် လုပ်ကိုင်သူများထံ ရောင်းချလျက်ရှိကြောင်း သိရသည်။
နော်နော်မူ
 
    