လေးမျက်နှာ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စက်ဘီးချစ်သူများမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် အသိပညာပေး စက်ဘီးစီးလှုပ်ရှားမှုကို ယနေနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် မြို့နယ်အားကစားမှူး ဦးတေဇာမျိုးတို့မှ စက်ဘီးစီးနင်းရာ လမ်းတစ် လျှောက်တွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အသိပညာပေးစက်ဘီးစီးနင်းမှုကို အများပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး “လူတိုင်းကျန်းမာကြံ့ခိုင်ဖို့ စက်ဘီးစီးကြစို့” ဆောင်ပုဒ်နှင့် အသိပညာပေး စက်ဘီးစီးနင်း မှုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေးစက်ဘီးစီးနင်းမှုကို လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံမှစ၍ ငါးသိုင်းချောင်း၊ ရေနံသာ၊ ပန်းတောကြီး၊ လေးမျက်နှာ-ပန်းတောကြီး မြစ်ကူးတံတားအထိ ၅ ယောက်တစ်ဖွဲ့ခွဲ၍ စီးနင်းခဲ့ကြောင်း သိရသည်။
စက်ဘီးစီးလှုပ်ရှားမှုတွင် စက်ဘီးချစ်သူ(၂၄)ဦး ဝင်ရောက်ဆင်နွဲကြပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ လူဦးရေ ကန့်သတ် ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)