ပုသိမ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်း/တံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပုသိမ်      အောက်တိုဘာ      ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်သော ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းနှင့် မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်းလိုက်လံကြည့်ရှု စစ်ဆေးကာ လုပ်ငန်းအရည်အသွေးပြည့်မီရန်နှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်‌ရေးအတွက် မှာကြားသည်။

ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၄)ရွာ၊ လူဦးရေ (၂၄၆၃)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်သည်။

ခရိုင် ပြန်/ဆက်