လပွတ္တာ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်သည့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားကို အ.ထ.က(၃) ကျောင်းသား၊ ကျောင်းသူလေးများက "ပညာဝေစည် ဧရာဝတီ" သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက "ထာဝရသစ္စာ" အကဖြင့် ကပြဖျော်ဖြေခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ဝင်းက ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် လေးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၂၀)ဦးတို့အား တာဝန်ရှိသူများအသီးသီးက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်သည့် ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)