မြို့သစ် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့သစ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြား၍ မြို့နယ်အတွင်းရှိ အသက် (၁၀၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀နှုန်းဖြင့် သက်ကြီးဘိုးဘွား (၁၃)ဦးအတွက် စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေကျပ် ၁၃ သိန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဘိုးအဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)