သရက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ဆွေးနွေးညှိနှိုင်း

သရက် အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ဆွေးနွေး ညှိနှိုင်းမှုကို အောက်တိုဘာ ၁၁ ရက်နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ အတွင်းရေးမှူးများတက်ရောက်ကြပြီး မိမိတို့သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် အရေးကြီးပါကြောင်း၊ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသ များမှ နယ်ရပ်စွန့်ခွာလာကြသည့် ပြည်သူများ မိမိတို့ဆန္ဒအရ မဲစာရင်းပါရေးအတွက် ဆောင်ရွက်လိုပါက သက်ဆိုင်ရာရပ်ကွက်ကျေးရွာများမှ ကော်မရှင်အဖွဲ့ခွဲများက ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးဖြင့် ဆက်သွယ် ဆောင်ရွက်ပေးနိုင်ရေး၊ အလေးထားဆောင်ရွက် ပေးရေးနှင့် ပုံစံ(၃)၊ ပုံစံ(၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)များအား ဖြည့်စွက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား နားမလည်ပါက မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ မေးမြန်းမှုများအား ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)