သရက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာထားရှိမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ကြေညာထားရှိမှုအား လိုက်လံကြည့်ရှုသည်။
ထိုနောက်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့၌ Call Centre ဖွင့်လှစ်ထားရှိမှုနှင့် ရွေးကောက်ပွဲကာလတွင် မသမာသူများက ဆက်သွယ်ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိရန်၊ နေ့စဉ်မှတ်တမ်းများကိုလည်း ပြည့်စုံစွာထားရှိမှတ်တမ်းတင်ကြရန်၊ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ပြီးမြောက်ရေးသည် အဓိကဖြစ်ပါကြောင်း အလေးထားညှိနှိုင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း အရေးကြီးကိစ္စများရှိလျှင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)