ကျောင်းကုန်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ရဲတပ်ဖွဲ့ဝင်များ မဲပေးစက်ဆိုင်ရာနှင့် လက်တွေ့စမ်းသပ်မဲပေးနည်း အသိပညာပေးခြင်းကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးညွန့်က မဲဆန္ဒနယ်များသတ်မှတ်ထားပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်စုမြတ်ထိုက်က မဲဆန္ဒနယ်အတွင်းရှိသော်လည်း ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့မလာရောက်နိုင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအကြောင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဦးသူရမင်းထက်က အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မိသားစုများ တက်ရောက်ခဲ့ကြပြီး အီလက်ထရောနစ်မဲပေး စက်ဖြင့်လက်တွေ့စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)