ဝါးခယ်မတွင် အောင်နိုင်တိုးစပါးမျိုး စံကွက်ရိတ်သိမ်းရာ တင်း (၁၃၀)  ထွက်ရှိ

ဝါးခယ်မ အောက်တိုဘာ ၁၁ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၊ ကွင်းအမှတ် (၁၀၁၆)၊ ဦးပိုင်အမှတ် (၁၃)၊ တောင်သူ ဦးဘညိမ်း၏ လယ်မြေ (၇.၂၃) ဧက၌ အောက်တိုဘာလ ၁၁ ရက် နံနက် ၉ နာရီက အောင်နိုင်တိုးစပါးမျိုး စံကွက် ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင်  မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပြီး 'အောင်နိုင်တိုး' စပါးမျိုး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစို တင်း (၁၃၀) ထွက်ရှိကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ ဆက်)