လဟယ် အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၁၀)၊ ရိုးရာဂျပ်ခုတ် သင်တန်း အမှတ်စဉ်(၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ(၁၀)ရက်နေ့ နံနက် ၈ နာရီခွဲက အမျိုးသမီးအိမ်တွင်းသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာနာဂဒသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသောင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြာကြားခဲ့သည်။
၎င်းနောက် အဆင့်မြင့် စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူအားနာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အပ်ချုပ်စက်တစ်စုံပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက်နာဂဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးဦးလင်းကိုကိုက ရိုးရာဂျပ်ခုတ်သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်သက်ထူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားပြီး ခင်းကျင်းပြသထားသော လက်ယာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)