လဟယ် အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအများပြည်သူသိရှိနိုင်စေရန် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲ နံနက်(၂)နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် တာလံရပ်ကွက် လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းဗဟိုဘုန်းတော်ကြီးကျောင်း လမ်းဆုံတို့တွင်စိုက်ထူးခဲ့ကြောင်း သိရသည်။
ဦးစွာ နာဂဒေဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင် မောင်သန်းတို့က အဆိုပါ မြေစိုက်ပိုစတာ (Billboard) အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနှံ့သာရည်ဖြင့် ပက်ဖျန်းပေးပါသည်။ အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို နာဂဒေဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့၀င်များ ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)