ပုလော အောက်တိုဘာာလ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူတောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ပုလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသော်ဇင်ထွန်းက ပုလောမြို့နယ်အတွင်းရှိ မိုးစပါးနှင့် ဆောင်းသီးနှံ(မတ်ပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း)စိုက် တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာအိတ် (၁၀၀)ကို ပုလောမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးသူ တောင်သူများ ထံဖြန့်ဝေးပေးခဲ့ပြီး၊ တောင်သူဦးရှိဟုန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်းသိရသည်။
အေးအေးမော် (ပုလော)