ငါးသိုင်းချောင်းမြို့၌ မဲစာရင်းကပ်ထားသည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး

ငါးသိုင်းချောင်း အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်၊ ကျေးရွာများသို့ တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသည် သက်ဆိုင်ရာ ရပ်ကွက်များသို့ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား ပြည်သူများ လာရောက်ကြည့်ရှုနေမှုကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကပ်ထားကြေညာသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခက်အခဲရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့်တပြေးညီ တင်ပြကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)