ကျောင်းကုန်းမြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ကျောင်းကုန်း အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယခုအခါ မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်း မီးသတ်ဆေးဘူးများထားရှိရေး၊ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ/မရှိ ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ လျှပ်စစ်ကျွမ်းကျင်(၄)ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များက စစ်ဆေးခဲ့ကြပြီး မြို့မဈေးကြီး(သီးသန့်) မီးသတ်တပ်ဖွဲ့ပိုင် မီးသတ်စက်နှင့် မီးသတ်ပိုက်များ ကောင်းမွန်မှုရှိ/မရှိ၊ ရေပိုက်ငုတ်များကောင်းမွန်မှု ရှိ/မရှိ၊ မီးငြိမ်းသတ်ရေးအတွက် ရေလုံလောက်စွာရရှိမှုတို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း  သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)