သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

သံဖြူဇရပ် ဒီဇင်ဘာ ၂၄

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့် သံဖြူဇရပ်မြို့နယ် အတွင်း ဝဲဝင်ကရာ  ဝါးဘိုးတောင်၊ ဖဲပဒေါ ၊  ဝဲဟတာ ကျေးရွာချင်းဆက်လမ်း လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို  ယနေ့ မွန်းလွဲ ၁နာရီက     မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်  မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်   အကောင်အထည်ဖော်ရေးကော်မတီ  ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က အမှာစကားပြောကြားပြီး UNDP မှ သံဖြူဇရပ်မြို့နယ် တာဝန်ခံ ဒေါ်နှင်းနုရီက၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် အတွင်း UNDP အထောက်အပံ့  ရန်ပုံငွေဖြင့်  သံဖြူဇရပ်မြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ယခုစီမံကိန်း လုပ်ငန်း ဆောင်ရွက်နိုင်မှုအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်  UNDP အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဝဲဝင်ကရာ၊ ဝါးဘိုးတောင်၊ ဖဲပဒေါ၊  ဝဲဟတာ ကျေးရွာချင်းဆက်လမ်း ပြီးစီးမှု လုပ်ငန်းဆိုင်ရာ မှတ်တမ်းကို  အင်အားမန် ကုမ္မဏီတာဝန်ခံမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် နယ်စပ်ဒေသနှင့်  တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအေး တို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ UNDP အထောက်အပံ့ ရန်ပုံငွေဖြင့် လွှဲပြောင်းပေးအပ်သည့် ကျေးရွာချင်းဆက်လမ်းမှာ ၁၂ပေ x  ၁၂လက်မ ၊ အကျယ်ကတ္တရာခင်းခြင်း ၁ မိုင် ဖြစ်ပြီး ၊၂ မိုင် ၅ဖာလုံ  မြေသားလမ်းအား  ၂၄ပေ   ချဲ့ခြင်း ၊ ၁၈ပေအကျယ် မြေသားလမ်း အဆင့်မြှင့် တင်ခြင်းနှင့် ယင်းမြေသားလမ်းပေါ်တွင်  ကွန်ကရစ် တံတား ၁စင်းနှင့် ရေပြွန် ၃ ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)