မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး(၁၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

မြန်အောင် အောက်တိုဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး (၁၃၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။

မြန်အောင်မြို့ တာဝတိံသာဘုရားဇောင်းတန်းမှ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် နတ်ဒေဝါများခြံရံလျက်ကြွမြန်းတော်မှုပြီး  သံဃာတော်(၁၃၅)ပါးခြံရံ၍ မြန်အောင်မြို့အတွင်းသို့ ​ဒေသစာရီကြွမြန်းရာလမ်းတစ်လျှောက်တွင် ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို  လောင်းလှူကြသည်။

ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော် (၁၃၅)ပါးတို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် ဇနီးဒေါ်နေခြည်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဇနီးဒေါ်သင်းလှိုင်ဦးတို့က ဝန်ထမ်းများနှင့်အတူ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထူပစ္စည်းများကို  လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်