လေရှီး အောက်တိုဘာ ၆
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၂၀ မိနစ် အချိန်တွင်ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာထားရှိမှုနှင့်မဲရုံထားရှိမည့်နေရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၃၀-၉-၂၀၂၅ ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လှည့်လည်ကြည့်ရှုလျက်ရှိရာ ယနေ့တွင် ဒိန်းဂလိန်းကျေးရွာအုပ်စုရှိ မဲရုံထားရှိမည့် နေရာများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ (၁၄) ရက်ကြာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်ကပ်ထားကြေညာပေးလျက်ရှိပြီး၊ မိမိ၏အမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းနိုင်ရေး၊ စာရင်းတွင်မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ အချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကော်မတီအဖွဲ့ဝင်များကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေရှီးမြို့နယ်၌ ရွေးကောက်ပွဲအပိုင်း (၁) တွင်ရပ်ကွက်/ကျေးရွာအုပ်စု (၂၄)အုပ်စု၊ မဲရုံ (၅၅) ရုံထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)