မကွေး အောက်တိုဘာ ၅
၁၉၉၄ ခုနှစ်မှ စတင်၍ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့ရောက်တိုင်း “ဆရာကို တန်ဖိုးထားလို့ သူတို့အနာဂတ်ကို မြှင့်တင်ကြစို့”၊ “အနာဂတ်ဘဝလှပဖို့ ဆရာများက ကြိုးစားစို့”၊ “ဆရာ၊ ဆရာမ တန်းတူညီ၊ လူ့ဘောင် ပြည်ရွာ သာယာမည်” “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများက အစပြု” စသည့် ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးသည့် ဆောင်ပုဒ်များချမှတ်ကာ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း (၃၂)နှစ် တိုင်ခဲ့ပြီဖြစ်ရာ မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဖတ်ကြားခဲ့သည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများ "မြတ်ဆရာ"သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာကျော်စိုးနိုင်က ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသည့် အသက်(၇၅)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး(၁၅)ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဂါရဝလက်ဆောင်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက “ဦးညွှတ်ပါသည်” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ကာ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ