ဇလွန် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက်များတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယနေ့ (လဆန်း ၁၄ ရက်)မှလပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၇ရက်)နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဆီမီးထွန်းညှိ့ပူဇော်ခြင်း၊ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအပြင် လျှပ်စစ်ရောင်စုံ မီးများ၊ မီးပန်းများဖြင့် အလှဆင်ကာ ဝေဝေဆာဆာဖြင့် ဘုရားဖူးပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်စေရန် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မင်္ဂလာဆိုင်း၊ တေးဂီတဝိုင်းများဖြင့် ဖျော်ဖြေမှုများနှင့် မီးပုံးကြီးများ၊ အရံမီးပုံများ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်