သာပေါင်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာထားရှိရာ စက်တင်ဘာ ၃ ရက်နေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးလျက်ရှိကြသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် အဖွဲ့ဝင်တို့က ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးကာ မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားကာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးရုံးတို့၌ စက်တင်ဘာ(၃၀)ရက်မှ အောက်တိုဘာ (၁၃)ရက်ထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး