ဂန့်ဂေါ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Rollplay ပြိုင်ပွဲတွင် နိုင်ငံတော်အဆင့်ပထမဆုရရှိသည့် ဂန့်ဂေါမြို့ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးညီညီဇော်က အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Rollplay ပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ပထမဆုရရှိအောင် သင်ကြားပြသခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်အား ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Rollplay ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် Grade 7 မှကျောင်းသား မောင်သင်ဘွဲ့ဆန်းအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးကလည်းကောင်း၊ Grade 7 မှကျောင်းသား မောင်ကောင်းခန့်ကျော်အား တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီးဦးရာထွန်းက လည်းကောင်း၊ Grade 7 မှကျောင်းသူ မငြိမ်းဝတီခင်အား ဆရာကြီး ဦးဟန်စိုးစိုးကလည်းကောင်း၊ Grade 7 မှကျောင်းသူ မမြတ်မှူးထက်အား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ခင်လဲ့ရည်လှိုင်က လည်းကောင်း၊ Grade 7 မှကျောင်းသူ မချစ်စုပုံအား ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံ ဒေါ်ဇာလီမြင့်တို့ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးရာထွန်းနှင့် ဆရာကြီးဦးဟန်စိုးစိုး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ခင်လဲ့ရည်လှိုင်၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံ ဒေါ်ဇာလီမြင့်၊ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်နှင့်ဆရာ/ဆရာမများ၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း