မြောင်းမြ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်မြို့ပေါ်ရပ်ကွက်များ၌ မဲစာရင်းများထုတ်ပြန်ထားရှိမှုအခြေအနေများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြောင်းမြမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားစာရင်းမှန်ကန်တိကျစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအားလိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့သည်။
မြောင်းမြမြို့နယ်အတွင်း ပထမအကြိမ်မဲစာရင်းကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း(၁၉၉၈၁၂) ဦးရှိပြီး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့်မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဖြိုး၏