ပုသိမ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ  ထုတ်ပြန်ကြေညာ

ပုသိမ်      အောက်တိုဘာ       ၃

ဧရာဝတီတိုင်းဒိုင်းကြီး၊ ပုသိမ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအ​​​ထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား မြို့ပေါ်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာ လျက်ရှိသည်။

ပထမအကြိမ်မဲစာရင်းများကို နှစ်ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ပြီး  မဲစာရင်းတွင် အမည်စာရင်းမပါရှိပါက ပုံစံ( ၃)၊ မဲဆန္ဒရှင်စာရင်းတွင်မပါဝင်သင့်သူများပါရှိနေပါက ပုံစံ (၄)၊  အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်  တောင်းဆိုဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရပြီး လိုအပ်သော ပုံစံများကို ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် အခမဲ့ရယူနိုင်မည်ဖြစ်သည်။   

လှမင်းထွဋ်(ပြန်/ဆက်)