သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်း လေပြင်းတိုက်ခတ်၍ နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်

သာပေါင်း အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရသည့် နေအိမ် (၁) လုံးရှိ မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၁၁ နာရီက ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခဲ့သည်။

မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် ပြိုကျပျက်စီးခဲ့ရသည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင် (၁) စုရှိ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၀၀၀၀) ကျပ် ပေါင်း (၁၁၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင် ဦးကျော်တိုးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစု လက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)