မအူပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေများ ပေးအပ်လှူဒါန်း

မအူပင် အောက်တိုဘာ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှအလှူငွေများပေးအပ်လှူဒါန်းခြင်းကို မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့မှ မအူပင်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက  အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးခဲ့သည်။

အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေ များပေးအပ်ရာတွင် မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးအောင်စိုးကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့တို့မှ မအူပင်ခရိုင်အဆင့် သက်ကြီးဘိုးဘွား ( ၂ )ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၂) သိန်းနှင့် အာဟာရဒါန များပေးအပ်လှူဒါန်းခဲ့ပြီး မအူပင်ဘိုးဘွားရိပ်သာတွင် ငွေပဒေသာ ပင်အတွက် ငွေကျပ် (၅) သိန်းနှင့် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ဘိုးဘွား (၃၈)ဦးတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)