ဖျာပုံ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မိုးလှိုင်တို့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာထားမှုအား နေ့ရက်အလိုက် လိုက်လံကြည်ရှုစစ်ဆေးခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက သိလိုသည်များကို တစ်ဦးချင်းအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)