မြိတ် အောက်တိုဘာ ၃
တနင်္သရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒနယ်အသီးသီးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ(၃၀)ရက်မှ စတင်၍ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာတွင် မဲစာရင်းကြေညာထားရှိမှုအား သွားရောက်ကြည့်ရှုပြီး မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင် နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သော ပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )