မင်းတုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ

မင်းတုန်း အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁ ရက်နေ့နံနက် ၇ နာရီက ပထမအကြိမ် ကပ်ထားကြေညာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ ဓမ္မရုံများနှင့် ဘက်စုံသုံး ခန်းမများတွင် ကပ်ထားခဲ့ကြသည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ရပ်ကွက်/ကျေးရွာအုပ်စု(၁၈)အုပ်စုရှိ မဲရုံ(၁၉)ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းကလေး(NRDC)