ထန်းတပင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ထန်းတပင်(ပဲခူး) အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

ထိုသို့မဲစာရင်းများကို ရပ်ကွက် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးရာတွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင်မပါရှိပါက ပုံစံ(၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းတောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)၊ ပုံစံ (၄ -ဂ) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ရမည်ဖြစ်ပြီး ပုံစံများကို ရပ်ကွက် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားခြင်းအား စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာထားရှိပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမဲစာရင်းကြေညာထားမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)