ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲပေးပိုင်ခွင့်သူ မဲဆန္ဒရှင် စာရင်းများထုတ်ပြန်ကြေညာ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး()ရုံး၌ ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများတွင် ရပ်ကွက် / ကျေးရွာများရှိ အသက်(၁၈)နှစ် ပြည့်ပြီးမဲပေးပိုင်ခွင့်ရှိသူ ကျား(၅၂၈၄)ဦး မ(၄၈၅၁)ဦး စုစုပေါင်း(၁၀၁၃၅)ဦး ရှိပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းအား သွားရောက်ကြည့်ရှုပြီး မိမိတို့၏အမည်စာရင်း မဲစာရင်းတွင်မပါရှိပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ထုတ်ပြန်ကြေညာထားသည့် စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရင်နေ့အတွင်း ပြင်ဆင်လျှေက်ထားနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကေယ်မရှင်အဖွဲ့ခွဲထံမှ သိရပါကြောင်းနှင့် အဆိုပါ မဲစာရင်းများ ကပ်ထားမှုအခြေအနေများနှင့် ပတ်သက်၍ ခရိုင်/မြိူ့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)