မင်းတုန်း အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စ္စည်း (၂၂) မျိုး၊ ဖိုက်ဘာစက်လှေ ၁ စီးဖြင့် အသင့်စုဖွဲ့ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် မင်းတုန်းမြို့နယ်အတွင်းမိုးရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်ပြိုလဲခြင်းများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ အရေးပေါ်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)