၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသော အခါ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသော မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများစာရင်းကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် စက်တင် ဘာလ ၃၀ ရက်နေ့မှစ၍ကပ်ထား ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၄၉ အုပ်စုရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ အပိုင်းလိုက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပထမအကြိမ် ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၀ တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည့်မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူ အသက် ၁၈ နှစ်ပြည့်ပြီးသော မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိမှုများ ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ကြေညာထားကြောင်း ထိုသို့ထုတ်ပြန်ကြေညာထားသော မဲစာရင်းများအား ပထမနေ့တွင် ဒေသခံပြည်သူ ၃၅၀၀ ဦးခန့် လာရောက် ကြည့်ရှုခဲ့ကြောင်း ပထမအကြိမ် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုက ရေစီအထွေထွေရွေး ကောက်ပွဲကြီးတွင် ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၀ ၌ မဲရုံပေါင်း ၇၁ ရုံ၏ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၇၀၃၈၅ ဦး၏စာရင်းအား ကပ်ထားကြေညာပေးထားပြီ ဖြစ်ကြောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် ၎င်းစက်အသုံးပြု၍မဲပေးခြင်းဖြင့် ရရှိလာမည့်အ ကျိုးကျေးဇူးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးကိုလည်း  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ရီရီစိုးထံမှ သိရသည်။

ဇေယျာထွန်း (ပြန်/ဆက်)