ကံမ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးကုသရာတွင် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့်ကုသမှုများအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာဝေလင်းဗိုလ်၊ လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက အခမဲ့စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)