ညောင်တုန်းမြို့နယ်၌ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ညောင်တုန်း  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိူ့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံအလိုက် ကျေးရွာခွဲများ၌ ကပ်ထားကြေညာခဲ့သည်။

ထိုသို့ ကပ်ထားကြေညာရာတွင် မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်း၊ အမည်စာရင်း မပါဝင်သင့်သူများပါဝင်နေခြင်း၊ အမည်စာရင်းပါဝင်၍ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေ ခြင်းများရှိပါက  ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်နိုင်ရေးအတွက် လိုအပ်သည့်ပုံစံများအား ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပေးလျက်ရှိပြီး ဆန္ဒမဲစာရင်းကပ်ထား ကြေညာခြင်းအား မဲဆန္ဒရှင် ပြည်သူများကြည့်ရှုနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ညောင်တုန်းမြို့နယ်အတွင်း ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုတို့တွင် မဲဆန္ဒရှင်စုစုပေါင်း (၁၄၅၅၄၈)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)