ကော့သောင်းမြို့နယ် (၁၀) မိုင် ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များထုတ်လုပ်ခြင်း နည်းပညာ‌ပေးသင်တန်း ဆောင်ရွက်

ကော့သောင်း အောက်တိုဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များထုတ်လုပ်ခြင်း နည်းပညာ‌ပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ရာ အခမ်းအနားသို့ကော့သောင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ပိုးမွှားထိန်းချုပ်ရေးစခန်း တာဝန်ခံ၊ ခြံဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး၊ (၁၀)မိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးဦးမြင့်ဇော််က အဖွင့်အမှာစကား ပြောကြားပြီး  ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းအား ဆက်လက်ကျင်းပရာ (၁၀) မိုင် ဥယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန်က စိုက်ပျိုးရေးဆိုင်ရာဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးနည်းများ၊ သစ်သီးဝလံများအတွက် အထူးဂရုစိုက်ရမည့် အချက်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ GAP၏ ကဏ္ဍကြီး (၄) ရပ်၊ ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးထုတ်လုပ်မှု (GAP ၁၆ချက်) နှင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အကြံပြုချက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)