ရွှေတောင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲ ကျင်းပ

ရွှေတောင် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ၊ မြေအသုံးချတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာစုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ တောင်သူများ စုစုပေါင်းအင်အား (၁၃၅) ဦးခန့် တက်ရာက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး  ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမင်းဇော်ဦးက ပြည်ပပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ ပိုးသတ်ဆေးရွေးချယ်မှု မှန်ကန်စေရေးနှင့် ကိုင်တွယ်သုံးစွဲနည်းများစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)