ပခုက္ကူ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးမှပေးပို့သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းဝင်းက ဖတ်ကြားသည်။
ထို့နောက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ရဲတပ်ဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့မှုအတွက် ဂုဏ်ပြုဆုများနှင့် ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ နေအိမ်လိုင်းခန်း သန့်ရှင်းသပ်ရပ်မှုဆုတို့ကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)