ဇလွန်မြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ဇလွန် အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများက အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ကြည့်ရူစစ်ဆေးခဲ့ကြ သည်။

ဇလွန်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများ ကြေညာထားရှိမှုကို မြို့နယ်မှ တာဝန်ရှိသူများက ကြည်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများအလိုက် မဲစာရင်းများကြေညာထားမှုနှင့် ပြည်သူများစိတ်ပါဝင်စားစွာ ကြည်ရှုနေမှုကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည် ကြည့်ရှုခဲ့ပြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ အနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားရန်တို့အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မဲစာရင်းကို အများပြည်သူများ သိရှိနိုင်ရန် စက်တင်ဘာလ ၃၀ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ကြေညာထားရှိမည်ဖြစ်ကြောင်းသိရသည်။

ဝေယံ-ဇလွန် (ပြန်/ဆက် )