ချောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ချောက် အောက်တိုဘာ ၂

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများကာယ၊ ဥာဏ၊ စာရိတ္တ ​ပေါင်းသင်းဆက်ဆံ​ရေးနှင့် စိတ်ခံစားမှုဆိုင်ရာအ​ခြေခံဖွံ့ဖြိုးမှုများ ဘက်စုံတိုးတက်​အောင်​လေ့ကျင့်၍ ရင်သွေးငယ်လေးများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်​စေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင်လူမှုဝန်ထမ်းဦးစီးဌာန ​ချောက်မူလတန်းကြို ကျောင်းမှရင်သွေးငယ်လေးများအား အသက်အရွယ်အလိုက် အဆင့်သုံးဆင့်ခွဲ၍ ပြိုင်ပွဲပြုလုပ်ခဲ့ရာအကြီးအဆင့်တွင် “မပုလဲနှင့်မဖားပြုတ်” ပုံပြင်၊ “ကပွဲ”၊ “လယ်တောရှင်”၊ “အဆုံးအ”၊ “ဆင်”၊ “ကျောင်းပိတ်ရက် ခရီးသည်”၊ “Spider” ကဗျာဖြင့် လည်းကောင်း၊ အလတ်အဆင့်တွင် “ပုရွက်ဆိတ်”၊ “ပန်း သည်”၊ “မေမေကျေးဇူး”၊ “ဖိုးဝလုံး”၊ “မြေကြီးကိုတူးကာယက်”သီချင်းဖြင့်လည်းကောင်း၊ အငယ်အဆင့်တွင် “ရွှေဂဲလေးရဲ့ မင်္ဂလါ”၊ “ရွှေကြက်ဖ”၊ “ကိုဝပူး” ကဗျာဖြင့်လည်းကောင်း ယှဥ်ပြိုင်ခဲ့ကြသည်။ အကြီးအဆင့်တွင်ကလေးငယ် (၅၀)ဦး၊ အလတ်အဆင့်တွင် ကလေးငယ် (၄၀)ဦး၊ အငယ်အဆင့်တွင် ကလေးငယ်(၃၀)ဦးစုစု​ပေါင်း ရင်သွေးငယ်(၁၂၀)ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ကြသည်။

ထို့နောက်ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် က​​လေးများအား အငြိမ်းစားမူလတန်းကြို​ကျောင်းအုပ်ဆရာမကြီး​ဒေါ်ခင်စိုးမိ၊​ရေနံ​ချောင်းမူလတန်းကြို​ကျောင်းအုပ်ဆရာမကြီး​​ ဒေါ်ပပအုန်း၊​ ချောက်မူလတန်းကြိုကျောင်းအုပ်ဆ ရာမကြီးဒေါ်နှင်းမမဝင်းနှင့်ဆရာမများ၊ မိဘဆရာအသင်း အဖွဲ့ဝင်များက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူကလေးငယ်​​လေးများနှင့်အတူ မိဘအုပ်ထိန်းသူများ ပါတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)