ပြည်တက္ကသိုလ်၌ သုတေသနစကားဝိုင်းကျင်းပ

ပြည် အောက်တိုဘာ ၂

ပြည်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ‌စက်တင်ဘာ ၃၀ရက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက သုတေသနစကားဝိုင်းကျင်းပပြုလုပ်ရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၃၂၀ ခန့်တက်ရောက်ကြသည်။

ဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က အမှာစကားပြောကြားပြီး သုတေသနစကားဝိုင်းစတင်ပြုလုပ်သည်။ စကားဝိုင်းတွင် ယင်းတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာမြမိုးခိုင်၊ မြန်မာစာဌာန ပါမောက္ခဒေါက်တာသန်းသန်းအေးနှင့် ပထဝီဝင်ဌာန တွဲဖက်ပါမောက္ခဒေါက်တာခင်စန္ဒာမိုးတို့က ဝိဇ္ဇာဘာသာရပ်များကိုယ်စားပြု၍လည်းကောင်း၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာချိုချိုလတ်၊ ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာဇော်ထက်အောင်နှင့် သင်္ချာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာလင်းလင်းခိုင်တို့က သိပ္ပံဘာသာရပ်များကိုယ်စားပြု၍လည်းကောင်း သက်ဆိုင်ရာဘာသာရပ်များအလိုက် သုတေသနစာတမ်းပြုစုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းဆွေးနွေးမှုများအပေါ် ကဏ္ဍအလိုက်ပြန်လည် ဖြေကြားဆွေးနွေးကြသည်။

ထိူ့နောက် တက်ရောက်လာကြသူများကို ပြည်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမေလွင်ငြိမ်းက ထိုင်းနိုင်ငံ Chulalongkorn University တွင် တက်ရောက်ခဲ့သော သုတေသနဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှအတွေ့အကြုံများကို ပြန်လည်မျှဝေ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)