စေတုတ္တရာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စေတုတ္တရာ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့အား ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇာဇာငြိမ်း(ပြန်/ဆက်)