တောင်တွင်းကြီး အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အနိမ့်ပိုင်းရပ်ကွက် နေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့မှုကြောင့် သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံလုပ်ငန်းရှင်များ စုပေါင်းကာ ယမန်နေ့က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက တောင်ပြင် (၁) ရပ်ကွက်နှင့် တောင်ပြင် (၂) ရပ်ကွက်များတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ထောင်စု (၂၀၀) ကျော်အတွက် ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)