ငွေဆောင် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှ စတင်၍ (ပထမ)အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်း ကပ်ထားရာနေရာများသို့ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုမှ ကွင်းဆင်းကာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းကြေညာထားမှု အခြေအနေ၊ မဲစာရင်းကို အများပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် မဲစာရင်းကြေညာမှုအား(၃၀.၉.၂၀၂၅) ရက်နေ့မှ ( ၁၃.၁၀.၂၀၂၅) ရက်နေ့အထိ ကြေညာပေးသွားမည်ဖြစ်ပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများ ၊ မဲစာရင်းတွင် ဖြည့်သွင်းနိုင်ရေး ၊ မဲစာရင်းတွင် အချက်အလက်များ မှားယွင်းပါက ပြန်လည်ပြင်ဆင်နိုင်ရေး၊ ကန့်ကွက် လိုပါက သတ်မှတ်ပုံစံများဖြင့် ကန့်ကွက်နိုင်ရေးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)