ရေနံချောင်းမြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

ရေနံချောင်း အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလူဦးရေစာရင်းများကို ပြည်သူများသိရှိစေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် နာရီက တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မဲစာရင်းများအား မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်းတွင် မိမိတို့အမည်စာရင်းမပါရှိပါက ထပ်တိုးမဲစာရင်း ပုံစံ()ဖြစ်လည်းကောင်း၊ အချက်အလက်များပြင်ဆင်လိုပါက ပုံစံ(-)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ပုံစံ()ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်း ထုတ်ပြန်ကြေညာသည့်ကာလအတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)