ငွေဆောင်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူ(တိုင်းပြင်ပ)များထဲမှ အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်

ငွေဆောင် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာ(တိုင်းပြင်ပ)ပြည်သူများထဲမှ အသက်( ၁၈ )နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ယနေ့နံနက်( ၁၀း၃၀) နာရီမှစတင်ကာ မြို့ပေါ်ရပ်ကွက် (၁,၂,၃,၄)နှင့် ဆင်မ၊ ကျောက်ဖျာ၊ သဇင်ကျေးရွာအုပ်စုများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများ၌  မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ဟောပြောရာတွင် မြို့အုပ်ချုပ်ရေး မှူးက တက်ရောက်လာကြသူ ယာယီနေရပ်စွန့်ခွာ(တိုင်းပြင်ပ) ပြည်သူများအနေဖြင့် မိမိတို့ ရောက်ရှိ နေရပ်မဲဆန္ဒနယ်တွင် အသက်( ၁၈)နှစ်အထက် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး ဆန္ဒမဲ ပေးနိုင်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီးသူများ၊ ပျောက်ဆုံးသူများနှင့် အသစ်ပြုလုပ် မည့် သူများရှိပါက ငွေဆောင်မြို့ လ.ဝ.ကရုံးတွင် ဆောင်ရွက်ကြရန်၊ မဲပေးခွင့်ရှိသူတိုင်း အခွင့်အရေးမဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ သွားရောက်စိစစ်‌ ရေးသွင်းကြရန် နှိုးဆော်အသိပေးပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး၊ ဒုတိယ ဦးစီးမှူး ဦးချမ်းမြေ့အောင်၊ မြို့လ.ဝ.ကမှူး ဦးညီမင်းခန့်၊ အမှတ်(၁,၂,၃၄) ရပ်ကွက်/ သဇင်/ ကျောက်ဖျာ/ဆင်မ‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူ (၃၂၆) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိူင်စေရေးအတွက် အသိပညာပေး ဟောပြောခြင်းများအား ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

R – 014( ငွေဆောင်)