ကြံခင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ရပ်ကွက်စာကြည်တိုက်များသို့ စာအုပ်မျိုးစုံနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း    စက်တင်ဘာ    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ Mother သောက်ရေ သန့်အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က ကြံခင်းမြို့နယ်အသင်း(ရန်ကုန်) အသင်းတည်ထောင်ခြင်း (၇၅)နှစ်မြောက်(စိန်ရတု)နှစ်ပတ်လည်အထိမ်းအမှတ် အထက(၃)ကျောင်း နှင့် ရပ်ကွက်စာကြည့်တိုက် (၂)တိုက်အား စာအုပ်မျိုးစုံနှင့် အလှူငွေပေးအပ်ပွဲကျင်းပခဲ့သည်။

အခမ်းအနားကို ကြံခင်းမြို့နယ်အသင်း(ရန်ကုန်)မှ ဂုဏ်ထူးဆောင်နာယက၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန(ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) ဦးစန်းလွင်က အဖွင့်အမှာစကား ပြောကြား ပြီး၊ စာရေးဆရာဦးစိုးမြင့်(တက္ကသိုလ်စိုးစံ) ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင်က ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ကိုယ်အား ကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကြံခင်းမြို့နယ်အသင်း(ရန်ကုန်)နာယက ဒေါက်တာ သိန်းဌေးဝင်းက စာဖတ်ရှုရခြင်း၏အကျိုးရလတ်များနှင့် မုဒိတာစကားပြောကြားပြီး၊ ကြံခင်းမြို့နယ် အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးစိန်ဌေးက အသင်းတည်ထောင်ခြင်း (၇၅)နှစ်မြောက် (စိန်ရတု)နှ စ်ပတ်လည် အထိမ်းအမှတ်အဖြစ် အ.ထ.က(၃)ကျောင်း၊ ကျေးရွာစာကြည့်တိုက် (၁)တိုက်နှင့် ကိုယ်အားကို ယ်ကိုး Mobile Education Library တို့အား သုတရသစာအုပ်များ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အသင်း(ရန်ကုန်)မှ ဂုဏ်ထူးဆောင်နာယက၊ နာယက၊ ဥက္ကဋ္ဌ တို့က အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(စက်စိုက်မွေး- ချင်းမြောင်)ကျောင်း တို့မှ ကျောင်းအုပ် ကြီးများနှင့် တာဝန်ခံဆရာမများကိုလည်းကောင်း၊ ဘက်ရဲမြို့ရှိ အလင်းတံခါးစာကြည့်တိုက်နှင့် Mobile Education Library တို့အား သုတရသစာ အုပ်စုစုပေါင်း ၂၆၇ အုပ်အားလည်းကောင်း၊ Mobile Education Library အဆောက်အဦပြင်ဆင် ရန်အတွက် အလှူငွေကျပ် ၈ သိန်းကို လှူဒါန်းပေးခဲ့ ကြပြီး၊ စာရေးဆရာ ဦးစိုးမြင့်(တက္ကသိုလ်စိုးစံ) အား ဂုဏ်ပြုမှတ်လွှာပေးအပ်ခဲ့သည်။ ဆက်လက်ပြီး အ.ထ.ကကျောင်းများနှင့် စာကြည့်တိုက်များ ကိုယ်စား ဆရာဦးလှိုင်မျိုးသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါအခမ်းအနားကို ကြံခင်းမြို့နယ်အသင်း(ရန်ကုန်)မှတာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းအမှုဆောင်အဖွဲ့ဝင်၊ (အငြိမ်းစား) ဆရာမကြီးများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဖိတ်ကြားထားသောဧည့်တော်များ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)