ငပုတောမြို့တွင် အသက်( ၁၀၀) နှစ်အထက်အဘိုးအဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဆောင်ရွက်

ငပုတော အောက်တိုဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့၌ အသက်(၁၀၀)နှစ်အထက် အဘိုးအဘွားများ အားထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အားယနေ့ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်မားရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငပုတောမြို့တောင်ပိုင်း မဉ္ဇူလမ်းနေ အသက်(၁၁၁)ရှိအဖွား ဒေါ်မြသိန်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိယင်းမာ‌လမ်းနေ အဘွား‌ဒေါ်ခင်အေး၊ အသက်(၁၀၁)နှစ်တို့ အားအားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ဆန်းဦးနှင့် တာဝန်ရှိ သူများက ကျန်းမာရေးအတွက်ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်နှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)