ငါးသိုင်းချောင်း အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ဆီထွက်သီးနှံနေကြာနှင့် ပဲပုတ်စိုက်ဧကပြည့်မီရေးတောင်သူနည်း ပညာပေးဆွေးနွေးပွဲ ကိုယမန် နေ့ မွန်းလွဲ(၁း၀၀) နာရီအချိန်ကသရက်ချောင်း ကျေးရွာ၊ဓမ္မာရုံ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်လှမြင့်က ပြည်တွင်းစားသုံး ဆီဖူလုံရေး အတွက် အရေးပါတဲ့ နေကြာနဲ့ ပဲပုတ်စိုက်ပျိုးမှုမှာ တောင်သူတွေ စိုက်ပျိုးနည်း စနစ်မှန်ကန်ရေး၊ အထွက် နှုန်းတိုးတက်ရေး နဲ့ သတ်မှတ်ဧကအတိုင်း ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ၊စနစ်တကျစိုက်ပျိုးနည်းများ-နှင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မြေယာပြင် ဆင်ခြင်း၊ မျိုးစေ့ချပုံစနစ်၊ အပင်ပြုစုစောင့် ရှောက်ခြင်းနည်းလမ်းများ၊ပိုးမွှားနှင့် ရောဂါကာကွယ် နှိမ်နင်းခြင်း- နေကြာနှင့် ပဲပုတ်သီးနှံများတွင် အဖြစ်များသော ပိုးမွှားနှင့် ရောဂါများကို ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ နှိမ်နင်းကုသနိုင်မည့် နည်းလမ်း များကိုဆွေးနွေး ဟောပြောခဲ့ပြီးမြို့မြေစာရင်း စိုက်ပျိုးရေးဦးစီးဌာနမှမြို့ဦးစီးမှူးဦးရဲမင်းထွန်းက စိုက်ဧက ပြည့်မီရေးပူးပေါင်းဆောင်ရွက်မှုများ- သတ်မှတ်ထားသည့် စိုက်ဧကကို အချိန်မီ ပြီးစီးအောင် တောင်သူအချင်းချင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ် များကို ဆွေးနွေး ဟော ပြောခဲ့သည်။
ထို့နောက် တောင်သူများကသိလိုသည့် အချက်အလက်များနှင့် လက်တွေ့လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့် အခက်အခဲတွေကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ရာသက်ဆိုင်ရာဌာနများက အသေးစိတ်ရှင်းလင်း ဖြေကြား ပေးခဲ့ကြောင်းသိရသည်။ အဆိုပါနည်းပညာပေး ဆွေးနွေးပွဲသည် ဆီထွက်သီးနှံစိုက်ပျိုးသူ တောင်သူများ အတွက် အလွန်အကျိုးရှိစေပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေဖို့နှင့် စိုက်ပျိုးရေး ကဏ္ဍတိုးတက် စေဖို့အတွက် အထောက်အကူပြုတဲ့လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)